close

ယူကရိန်းသမ္မတကို ဝင်စတန်ချာချီ ခေါင်းဆောင်မှုဆု ဗြိတိန်ဝန်ကြီးချုပ် ချီးမြှင့်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ယူကရိန်းသမ္မတ ဇလန်းစကီးကို ဇူလိုင် ၂၆ ရက်မှာ ဝင်စတန်ချာချီ ခေါင်းဆောင်မှုဆု ချီးမြှင့်လိုက်ပါတယ်။

ဂျွန်ဆင်ရဲ့ ဒေါင်းနင်းလမ်းရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရုရှားရဲ့ကျူးကျော်မှုကို ထူးခြားပြောင်မြောက်တဲ့ သတ္တိ၊ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်၊ ဂုဏ်သိက္ခာရှိရှိ တွန်းလှန်နေတဲ့အတွက် ပေးအပ်တာလို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ဆုကို ကိယက်ဗ်မြို့တော်ကနေ အွန်လိုင်း ဗွီဒီယိုကနေတဆင့် လက်ခံယူပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ချာချီဟာ စစ်အတွင်း နိုင်ငံကို အခက်အခဲကြားထဲက ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

ဆုပေးတဲ့အခမ်းအနားမှာ ဇလန်းစကီးက ဝန်ကြီးချုပ် ချာချီရဲ့ သမိုင်းဝင်စကားဖြစ်တဲ့ ခက်ခဲလာတဲ့ တိုက်ပွဲကနေ ထွက်ပြေးသွားဖို့ ဘယ်တုန်းကမှ မစဉ်းစားဘူးဆိုတဲ့ စကားကို ကိုးကားရင်း ပြောသွားပါတယ်။

//
Up