close

အကျဉ်းထောင်တွင်း ကြွေလွင့်သွားသည့် အာဇာနည် ၄ ဦးအတွက် ဦးညွှတ်ဂုဏ်ပြုပွဲ နယူးယောက်တွင် ကျင်းပ (ဓာတ်ပုံ)

စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်ထဲမှာ ကျဆုံးသွားခဲ့တဲ့ကြတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို  ဂုဏ်ပြုတဲ့အနေနဲ့  “ရဲရင့်သောကြယ်တာရာတို့အတွက် သန္နိဋ္ဌာန်ပြု ဦးညွှတ်ပွဲ”လို့ အမည်ပေးထားတဲ့ လူထုစုရုံးလှုပ်ရှားမှုတခုကို  ဇူလိုင် ၂၆  ရက်ညက  အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြည်ပရောက်မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။  

NYCBC အဖွဲ့က  ဦးစီးကျင်းပပြီး နယူးယောက်ရှိ မြန်မာပြည်ဖွား  ၃၀၀ ကျော်လောက်ပါဝင်တဲ့ ဒီလှုပ်ရှားမှုမှာ အကြမ်းဖက် စစ်ကောင်စီ​ရဲ့ ထောင်တွင်း လူမဆန်စွာ ကွပ်မျက်မှုကြောင့် ကြွေလွင့်သွားခဲ့တဲ့ အာဇာနည် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊  ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ဂုဏ်ပြုဦးညွှတ်ခဲ့ပြီး၊ အရေးတော်ပုံအောင်မြင်တဲ့အထိ ကြိုးစားတွန်းလှန်မယ်လို့  သန္နိဋ္ဌာန်ပြုခဲ့ ကြပါတယ်။

အာဇာနည်ရဲဘော် ၄ ဦးနဲ့အတူ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေ၊ အသက်ဆုံးရှုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ အားလုံးအတွက်လည်း ဆုတောင်း မေတ္တာပို့သခဲ့ကြ ပါတယ်။

//
Up