အမေရိကန်ကို စစ်ရေးအရ ထိပ်တိုက်တွေ့ရန် အဆင်သင့်ဖြစ်ဟု ကင်မ်ဂျုံအန်းပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့နိုင်ငံဟာ နျူကလီးယားစစ်ပွဲကို ဟန့်တားဖို့နဲ့ အမေရိကန်ကို စစ်ရေးအရ ထိပ်တိုက်တွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နိုင်ငံပိုင်မီဒီယာကနေ ဇူလိုင် ၂၈ ရက်မှာ ပြောခဲ့ပါတယ်။
ကင်မ်ဟာ ဇူလိုင် ၂၇ ရက်မှာ ကျရောက်တဲ့ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲတဲ့ ၆၉ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားမှာ မိန့်ခွန်းပြောရင်း ခုလိုပြောခဲ့တာလို့ တရားဝင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ ထိပ်တိုက်တွေ့မှုဟာလည်း နျူကလီးယားခြိမ်းခြောက်မှု ဖြစ်လာလို့ ဒီပဋိပက္ခကြောင့် မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကို ကာကွယ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ရာမှာ အရေးပေါ် သမိုင်းဝင်တာဝန်ကို ထမ်းဆောင်ဖို့ လိုအပ်ပြီလို့ ကင်မ်က ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ၂၀၁၇ ခုနှစ်ကစပြီး သူ့ရဲ့ ပထမဆုံး နျူကလီးယားစမ်းသပ်မှု လုပ်ဖို့ ပြင်ဆင်တာတွေ ပြီးနေပြီလို့ တောင်ကိုရီးယားအစိုးရနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။