close

ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှု ပြီးဆုံး

တရုတ်နဲ့ ဘက်ပေါင်းစုံကနေ အခြေအနေပိုတင်းမာလာနေချိန်မှာ ထိုင်ဝမ်ရဲ့ ၅ ရက်ကြာ နှစ်စဉ်ကျင်းပနေကျ  ဟန့်ကွမ် စစ်ရေးလေ့ကျင့်မှုဟာ ဇူလိုင်၂၉ ရက်က  ပြီးဆုံးပါတယ်။

ထိုင်ပေ စုန့်ရှန်းလေဆိပ်ကို ရန်သူ့လေကြောင်းက သိမ်းပိုက်တာ မခံရအောင် "ခုခံကာကွယ်" ရင်း နိုင်ငံရဲ့မြို့တော်ထဲကို ရန်သူတွေ ဝင်မလာနိုင်အောင် တားဆီးပုံကို အရုဏ်မတက်မီ စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်ကတော့ ပင်တန်မြို့မှာ ထိုင်ဝမ်စစ်သား ဒါဇင်ပေါင်းများစွာဟာ ကမ်းခြေတွေကို ဝင်စီးပြီး ကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေနဲ့ လေ့ကျင့်ခဲ့ကြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့နှိုင်းယှဉ်ပြီး  တရုတ်ရဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်ရေးကို ဘယ်လိုမြှင့်တင်ရမလဲဆိုတဲ့ အငြင်းအခုံတွေ  ထိုင်ဝမ်မှာ ပြန်စခဲ့တာပါ။

တကယ်လို့ တရုတ်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရရင် ကြိုတင်ပြင်ဆင်တာတွေ တိုးမြှင့်ဖို့ ထိုင်ဝမ်အာဏာပိုင်တွေကို  လှုံ့ဆော်ခဲ့ပါတယ်။ 

လတ်တလော ရက်တွေမှာ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်ကို သွားရောက်လည်ပတ်မယ့်သတင်းတွေ ထွက်နေတာပါ၊

တကယ်လို့ ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးတဲ့ ပြင်ပအင်အားစုတွေအနေနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရင် တရုတ်စစ်တပ်က နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ခုခံကာကွယ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

//
Up