စပိန် တောမီးကို မီးသတ်သမားများ ကြိုးစားငြှိမ်းသတ်နေ

4
စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အကြီးအကျယ် လောင်နေတဲ့ တောမီးကို မီးသတ်သမားတွေ ဩဂုတ် ၃ ရက်က အသည်းအသန် ငြှိမ်းသတ်နေရပါတယ်။
သတင်းထောက် ဖိလစ်ကာနော့တို ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဂါလီစီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဗေရင်းစီရင်စုထဲက မီးသတ်သမားတွေ မီးလောင်နေတဲ့ သစ်ပင်တွေ မြက်ခင်းပြင်တွေကို ငြှိမ်းသတ်နေတာ တွေ့ရပါတယ်။
ရှို့မီးကြောင့် မီးလောင်တာလို့ ကျေးလက်ရေးရာဝန်ကြီး ဟိုဆေး ဂွန်ဇာလက်ဇ်က ပြောကြောင်း ဒေသခံမီဒီယာတွေက ထုတ်ပြန်ပါတယ်။
ဥရောပတောင်ပိုင်းက နေရာအများအပြားမှာ ဒီနှစ်နွေရာသီက တောမီးလောင်ခဲ့တာပါ။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ခြောက်သွေ့တဲ့ မိုးလေဝသ ဖြစ်ခဲ့ပြီး ကျေးလက်ဒေသတွေမှာ မီးလောင်လွယ်လောက်အောင် ခြောက်သွေ့ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ကြပါတယ်။