close

ကျူးဘားရှိ ရေနံသိုလှောင်ရုံ မီးလောင်မှု မီးသတ်သမား ၁ ဦး သေဆုံး

ကျူးဘားနိုင်ငံရဲ့ အဓိကရေနံသိုလှောင်ရုံမှာ မီးလောင်ခဲ့လို့ မီးသတ်သမားတစ်ဦး သေဆုံးခဲ့ပြီး ကျူးဘားအစိုးရက မက္ကဆီကိုနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဆီကနေ အကူအညီတောင်းပြီး လောင်နေတဲ့ မီးတောက်တွေကို ငြှိမ်းဖို့ သြဂုတ် ၇ ရက်က ကြိုးပမ်းပါတယ်။

သြဂုတ် ၅ ရက်က ဟာဗားနားအရှေ့ဘက် မိုင် ၆၀ အကွာ မာတာဇန်နပ်စ် စူပါတန့်ကာဆိပ်ကမ်းမှာ လောင်စာသိုလှောင်ကန်ရှစ်ခုထဲကတခု မီးလောင်ခဲ့ပါတယ်။ 

ဩဂုတ် ၆ ရက်မှာ ဒုတိယမြောက် သိုလှောင်ကန် မီးလောင်ခဲ့လို့ မီးသတ်သမားတွေနဲ့ အခြားသူ တွေ အံ့အားသင့်ခဲ့ပါတယ်။ 

မီးလောင်မှုအတွင်း လူ ၁၆ ယောက် ပျောက်ဆုံးခဲ့ပြီး ဒုတိယပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့အနက် လူ ၂၄ ယောက် ဆေးရုံတင်ထားရပြီး  ၅ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ 

ဩဂုတ် ၇ ရက်မှာ လောင်စာဆီလောင်ကျွမ်းမှု တိုက်ဖျက်တဲ့ အတွေ့အကြုံရှိတဲ့ မက္ကဆီကို နိုင်ငံသား ၈၂ ယောက် နဲ့ ဗင်နီဇွဲလားဝန်ထမ်း ၃၅ ယောက်တို့ လာရောက် ပူးပေါင်းခဲ့ပြီး မီးငြှိမ်းသတ်တဲ့ ဓာတုဗေဒပစ္စည်းတွေ လေယာဉ်လေးစင်းတိုက် ယူလာခဲ့ကြပါတယ်။

ကျူးဘားနိုင်ဟာ နေ့စဉ် မီးပျက်တာနဲ့ လောင်စာဆီပြတ်လပ်တာကို ကြုံတွေ့နေရတာပါ။ 

ပြီးခဲ့တဲ့ လတွေအတွင်း ဒေသတွင်းဆန္ဒပြပွဲ အသေးစားတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အခု မီးလောင်မှုကြောင့် လောင်စာဆီနဲ့ သိုလှောင်မှုပမာဏ ထပ်ဆုံးရှုံးလို့ အခြေအနေတွေကို ပိုဆိုးရွား သွားစေနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

//
Up