close

၅ ဦးလူစားလဲခွင့် စည်းမျဉ်းသစ်ကို ပရီးမီးယားလိဂ်ကလပ် ၁၃ သင်း အသုံးပြုခဲ့

အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပွဲတွေမှာ ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့တဲ့ ကစားသမား ၅ ဦး လူစားလဲခွင့် စည်းမျဉ်းကို ကလပ်အသင်း  ၁၃ သင်းက အသုံးပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ၁၃ သင်းက အနည်းဆုံး ၄ ဦးအထိ လူစားလဲခဲ့သလို ပွဲစဉ် ၁ဝ ပွဲစလုံးမှာလည်း အသင်းတသင်းက အနည်းဆုံး ၄ ဦး လူစားလဲခဲ့ပါတယ်။

၅ ဦး လူစားလဲလှယ်ခွင့် စည်းမျဉ်းကို ကိုဗစ်-၁၉ ရောဂါတွေ စတင်ဖြစ်ပွားပြီး နောက်ပိုင်း စတင်အသုံးပြုခဲ့ပေမဲ့ အင်္ဂလန်လိဂ်တွေမှာတော့ အခုနှစ်မှ စတင်အသုံးပြုခဲ့တာပါ။

နယူးကာဆယ်၊ စပါးနဲ့ ဆောက်သမ်တန်အသင်းတွေက ၅ ဦး လူစားလဲခွင့်ကို ပထမဆုံးအကြိမ် အပြည့်အဝ အသုံးချခဲ့တဲ့ အသင်းတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လူစားလဲမှု ၃၈ ကြိမ်ကို မိနစ် ၈ဝ နဲ့ အဲဒီနောက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး ၅၅ ကြိမ်ကိုတော့ ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာ အသုံးပြုခဲ့ပါတယ်။

ထူးခြားမှုအနေနဲ့ ဝုဗ်နဲ့ လက်စတာအသင်းတွေကတော့ လူစားလဲမှု တကြိမ်စီပဲ ပြုလုပ်ခဲ့ပါတယ်။

//
Up