close

သီရိလင်္ကာတွင် ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲ

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ စီးပွားရေးမြို့တော်မှာ တက္ကသိုလ်ကျောင်းသားတွေဟာ ဩဂုတ် ၁၈ ရက်က လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြတာပါ။

သမ္မတ ဝစ်ကရမ်မက်ဆင်းဂ် နုတ်ထွက်ပေးဖို့ အုပ်ချုပ်ရေး အာဏာပေးထားတဲ့ သမ္မတ နေရာကို ဖျက်သိမ်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြသမားတွေ စုရုံးနေတဲ့နေရာကို ရဲအင်အား အလုံးအရင်းနဲ့ ရောက်လာပြီး တချို့ကို ဖမ်းဆီးသွားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

သီရိလင်္ကာမှာ ၁၉၄၈ နောက်ပိုင်း အဆိုးရွားဆုံး စီးပွားပျက်ကပ်ဆိုက်နေပြီး အရင်တပတ်ကတည်းက သမ္မတက နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားပေမယ့် ဆန္ဒပြပွဲတွေကလည်း အခုအချိန်ထိ မရပ်သေးပါဘူး။

မတ်လက စတည်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို လူငယ်တွေက ဦးဆောင်နေတာ ဖြစ်ပြီး၊ နိုင်ငံရေးစနစ်တခုလုံးကို ပြောင်းလဲဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။

//
Up