close

ကတ်စမဲရိုးကို ခေါ်ယူနိုင်ခဲ့ကြောင်း မန်ယူအသင်း တရားဝင်ကြေညာ

မန်ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကတ်စမဲရိုးကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

ကတ်စမဲရိုးကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်းနဲ့ ဆေးစစ်တာနဲ့အတူ လုပ်ဆောင်စရာတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း မန်ယူအသင်းက သတင်းထုတ်ပြန်ပါတယ်။

ကတ်စမဲရိုးဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ၆၃ ပွဲ အပါအဝင် ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ကိုပါအမေရိကဖလားအပါအဝင် ဆုဖလား ၁၇ လုံးရယူနိုင်ခဲ့ကြောင်း မန်ယူအသင်းရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

အသက် ၃၀ နှစ်ရှိကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးကို တရားဝင်မကြေညာခဲ့ပေမဲ့ ပေါင်သန်း ၇၀ လောက် ပေးချေခဲ့ရပြီး ၄ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီကတော့ ကတ်စမဲရိုးက အရေးပါတဲ့ကစားသမားဖြစ်ပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားမှုရှိရမှာဖြစ်ကြောင်း ပြောသွားပါတယ်။

မန်ယူအသင်းအတွက်တော့ ကာလကြာရှည်ကတည်းက ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူနေရာအတွက် ကတ်စမဲရိုးက ပြီးပြည့်စုံတဲ့ခေါ်ယူမှုတစ်ခုဖြစ်လာခဲ့ပါတယ်။

//
Up