close

နယူးကာဆယ်အသင်း ကစားရအခက်ခဲဆုံးအသင်းဖြစ်လာဟု သရေပွဲကြုံရပြီးနောက် ဂွါဒီယိုလာချီးကျူး

နယူးကာဆယ်အသင်းဟာ ကစားရအခက်ခဲဆုံးအသင်းတစ်သင်းဖြစ်လာပြီလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချီးကျူးပြောကြားလိုက်ပါတယ်။

မနေ့ညက စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ တဖက် ၃ ဂိုးစီသရေကျခဲ့ပြီး နယူးကာဆယ်က ၃ ဂိုး ၁ ဂိုးရလဒ်အထိ ဦးဆောင်နိုင်ခဲ့သေးတာပါ။ ဒါပေမဲ့ မန်စီးတီးက ချေပဂိုး ၂ ဂိုးပြန်သွင်းခဲ့လို့ သာ ၃ ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ နယူးကာဆယ်အသင်းဟာ တောင့်တင်းပြီး အရည်အသွေးရှိတဲ့အသင်းဖြစ်သလို ကစားရခက်တဲ့အသင်းတစ်သင်းဖြစ်လာကြောင်း ချီးကျူးသွားတာပါ။

“ပရီးမီးယားလိဂ်ဆိုတာ ဒါပဲလေ။ လိဒ်ယူနိုက်တက်ကလည်း ချဲလ်ဆီးကို အနိုင်ယူသွားတယ်။ ပွဲတိုင်းက ခက်ခဲတဲ့ပွဲတွေချည်းပါပဲ။ ဒီလိုအတွေ့အကြုံတွေအရ ပြီးခဲ့တဲ့ ၅ နှစ်တာကာလလောက် အတွင်းမှာ ကျနော်တို့ လုပ်ဆောင်ပြခဲ့တာတွေက အံ့အားသင့်စရာဖြစ်ပြီး ခက်ခဲပေမယ့်လည်း ဆက်ပြီးကြိုးစားသွားရပါမယ်” လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးတိုက်စစ်ကစားသမားတွေအနေနဲ့ ၃ ဂိုးထက်ပိုရသင့်တဲ့အခွင့်အရေးတွေရ ခဲ့ကြောင်းလည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။ 

//
Up