close

ဟာလန်း တစ်ဦးတည်း အသင်း၏ ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဂွါဒီယိုလာ သုံးသပ်

တိုက်စစ်မှူး ဟာလန်း တစ်ဦးတည်းနဲ့ အသင်းရဲ့ ပြဿနာအားလုံးကိုဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

ဟာလန်းဟာ ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူခဲ့သူပါ။

နည်းပြဂွါဒီယိုလာကတော့ ဟာလန်းက အကောင်းဆုံးခြိမ်းခြောက်နိုင်သူဖြစ်ပေမယ့် အသင်းလိုက် ခြေစွမ်းကောင်းမွန်ဖို့က အဓိကဖြစ်ကြောင်း ပွဲအပြီးမှာမှတ်ချက်ပေးခဲ့တာပါ။

တိုက်စစ်မှူးသစ်ဟာလန်းက အဖွင့်ပွဲမှာပဲ ၂ ဂိုးသွင်းယူနိုင်ခဲ့တာက သူ့အတွက်အရေးပါပြီး သူကအသင်းရဲ့ နောက်ထပ်လက်နက်တစ်ခုဖြစ်ကြောင်း၊ ဒါပေမဲ့ သူတစ်ဦးတည်းနဲ့ အသင်းရဲ့ပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာမဟုတ်တာကြောင့် အသင်းလိုက် ကစားပုံကောင်းဖို့ကသာ အဓိကဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ  ကစားသမားတိုင်းက အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့ကြပြီး လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲက ဝေဖန်မှုတွေကို ချေဖျက်ပြနိုင်ခဲ့ပြီဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

//
Up