close

အာဆင်နယ်ဟာ ဖျော်ဖြေမှု အပေးနိုင်ဆုံးအသင်းမဟုတ်ကြောင်း ဂျွန်တယ်ရီသုံးသပ်

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဖျော်ဖြေမှု အပေးနိုင်ဆုံးအသင်း မဟုတ်ကြောင်း ချဲလ်ဆီး ဂန္ထဝင်နောက်ခံလူ ဂျွန်တယ်ရီက သုံးသပ်သွားပါတယ်။

SPORTbible တွစ်တာစာမျက်နှာကနေ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ချင်စရာကောင်းတဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံး အသင်းလားဆိုတဲ့ စစ်တမ်းတစ်ခုအပေါ် မဟုတ်ကြောင်း No ဆိုပြီး ဂျွန်တယ်ရီက ပြန်လည်ဝေမျှခဲ့ပါတယ်။

နောက်ထပ်ပို့စ်တစ်ခုမှာတော့ အာဆင်နယ် ရလဒ်ကောင်းနေတာ မှန်ပေမယ့် ၃ ပွဲပဲ ရှိသေးလို့ စောင့်ကြည့်ဖို့လိုသေးပြီး ဖျော်ဖြေမှု အပေးနိုင်ဆုံးအသင်းလည်း မဟုတ်ကြောင်း ရှင်းပြသွားပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းက ဂျွန်တယ်ရီက“ဒီရာသီမှာ သူတို့ပိုကောင်းလာတာက မှန်ပါတယ်။ ဂျေဆုရဲ့ ကစားပုံကို သဘောကျပြီး သူတို့က အသင်းကောင်း တစ်သင်းပါပဲ။ ဒါပေမဲ့ ဖျော်ဖြေမှုအပေးနိုင်းဆုံးအသင်းတော့မဟုတ်ဘူး”လို့ တွစ်တာမှာရေးသားခဲ့ပါ။

အာဆင်နယ်နည်းပြ အာတေတာကလည်း သုံးပွဲ ပဲကစားရသေးတာဖြစ်လို့ ဘာမှ သတ်မှတ်လို့မရနိုင်သေးကြောင်း လက်စတာကိုအနိုင်ရအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

//
Up