close

ဘရာဇီးလက်ရွေးစင် ပတ်ကေတာကို ပေါင် ၅၁ သန်းဖြင့် ဝက်စ်ဟမ်းအသင်းခေါ်ယူ

ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်ကလပ်လီယွန်အသင်းက ဘရာဇီးကွင်းလယ်တိုက်စစ်မှူး ပတ်ကေတာကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ ဘရာဇီးသားဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၁၁၀ ဝတ်ဆင်ကစားမှာပါ။

ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာရလို့ အလွန်စိတ်လူပ်ရှားမိပြီး အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်စရာခရီးတစ်ခု စတင်ခြင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်းပတ်ကေတာက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းအတွက် ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး အခုနှစ်ရာသီမှာပိုမိုကောင်းမွန်တဲ့ရာသီဖြစ်လာဖို့ မျှော်လင့် ကြောင်း ပတ်ကေတာကပြောပါတယ်။

သူဟာ  ဘရာဇီးကလပ် ဖလာမင်ဂိုကနေ ၂၀၁၉ ခုနှစ်မှာ အေစီမီလန်၊ ၂၀၂၀ ပြည့်နှစ်မှာ လီယွန်အသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။

လီယွန်နဲ့ ပွဲ ၈၀ မှာ ၂၁ ဂိုးသွင်းခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အတွက်တော့ ၃၃ ပွဲကစားထားပြီး ၇ ဂိုးသွင်းထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up