close

အမေရိကန်နှင့် ပူးပေါင်းပြီး ချစ်ပ်ပြားထုတ်လုပ်ရန် မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီ ချစ်ပ်ပြားတွေကို ထုတ်လုပ်ဖို့ မျှော်လင့်ထားကြောင်း သမ္မတ ဆိုင်အင်းဝမ်က အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey ကို စက်တင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က “အာဏာရှင်စနစ် ချဲ့ထွင်မှုနဲ့ ကပ်ရောဂါလွန်ခေတ်ရဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ဆီမီးကွန်ဒတ်တာနဲ့ တခြားနည်းပညာမြင့် စက်မှုလုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေခြင်း၊ ပိုမိုလုံခြုံပြီး ခံနိုင်ရည်ရှိသော ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ခြင်းနဲ့ ကျွန်ုပ်တို့ ဒီမိုကရေစီမိတ်ဆွေတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ပိုမို သာယာဝပြောရေးကို ဖန်တီးဖို့ ဒီမိုကရေစီချစ်ပ်ပြားတွေကို ပူးပေါင်းထုတ်လုပ်ခြင်းတွေကို မျှော်လင့်ပါကြောင်း” ပြောသွားတာပါ။

ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် ချစ်ပ်ထုတ်လုပ်သူနဲ့ အဓိက Apple Inc ကို ပေးသွင်းသူ ထိုင်ဝမ် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေး ကုမ္ပဏီလိမိတက် (TSMC) ဟာ အရီဇိုးနားမှာ ဒေါ်လာ ၁၂ ဘီလီယံတန် စက်ရုံကို တည်ဆောက်နေတာပါ။

အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey က “အရီဇိုးနားပြည်နယ်ဟာ ထိုင်ဝမ်နဲ့အတူ ရပ်တည်နေပြီး ရှေ့လာမယ့် အခွင့်အလမ်းများစွာကို တည်ဆောက်ဖို့ မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။

အရီဇိုးနားနဲ့ ထိုင်ဝမ် နှစ်ခုစလုံးဟာ ကမ္ဘာလုံးဆိုင်ရာ တပိုင်းလျှပ်ကူးပစ္စည်း ဆီမီးကွန်ဒတ်တာ ခေါင်းဆောင်တွေဖြစ်ပြီး ဒီလုပ်ငန်းမှာ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အကြီးကျယ်ဆုံး ဖြစ်ကြောင်းလည်း ပြောပါတယ်။

ထိုင်ဝမ်ကို အမေရိကန်ပြည်ထောင်စုက အရာရှိတွေ ဆက်တိုက်လာရောက်လည်ပတ်မှုမှာ ဒီလိုခရီးစဉ်တွေကို ခွင့်မပြုဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို ဖီဆန်ပြီး ရီပတ်ဘလီကန်အမတ် Ducey က နောက်ဆုံးလာရောက်သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up