နိုင်ဂျီရီးယားတွင် ၇ ထပ်အဆောက်အုံပြိုကျပြီး ၂ ဦး သေဆုံး

နိုင်ဂျီးရီးယားရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မှာ စက်တင်ဘာ ၄ ရက် အစောပိုင်းက ဆောက်လုပ်ဆဲ ခုနစ်ထပ် အဆောက်အအုံပြိုကျလို့ လူ နှစ်ဦး သေဆုံးခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေ ကယ်ဆယ်နေတယ်လို့ လာဂို့စ်ပြည်နယ် အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီက ပြောပါတယ်။
ပြိုကျတဲ့ အဆောက်အအုံကို အိုနီရူဒေသနားက ဆေးရုံတရုံနားမှာ တည်ဆောက်နေပြီး အပျက်အစီးတွေအောက်မှာ လူ လေးဦးထက်မနည်း ပိတ်မိနေသေးတယ်လို့ အေဂျင်စီရဲ့ အမှုဆောင် အရာရှိချုပ်က ပြောခဲ့ပါတယ်။
အပျက်အစီးတွေကို ဖယ်ဖို့ မြေကြီးတွေကို ရွှေ့တဲ့ ကိရိယာတွေကို သုံးထားလို့ လူအုပ်ကြီးက ဝိုင်း ကြည့်ခဲ့ကြပါတယ်။
စည်းမျဥ်း စည်းကမ်းတွေ ညံ့ဖျင်းပြီး ဆောက်လုပ်ရေး ပစ္စည်းတွေ နိမ့်ကျနေတဲ့ အာဖရိကတိုက်ရဲ့ လူဦးရေ အများဆုံး နိုင်ငံမှာ အဆောက်အအုံတွေ မကြာခဏ ပြိုကျတတ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။