အီတလီတွင် ဓာတုဗေဒစက်ရုံ မီးလောင်ပြီး လူ ၆ ဦး ဒဏ်ရာရ

6
အီတလီနိုင်ငံ၊ မီလန်မြို့နားက ဓာတုဗေဒစက်ရုံတရုံမှာ စက်တင်ဘာ ၇ ရက်က မီးလောင်ခဲ့လို့ လူခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြပါတယ်။
မီလန်မြို့အနား စန်ဂျူလိယာနိုမီလာနေဇေ ရပ်ကွက်ထဲက နိထရိုကိမိကာစက်ရုံကနေ လောင်နေတဲ့ မီးတောက်တွေကို မီးသတ်တပ်ဖွဲ့ ၁၂ ဖွဲ့က ငြှိမ်းသတ်ခဲ့ပါတယ်။ ဒေသခံတွေကို အိမ်မှာနေပြီး ပြတင်းပေါက်တွေကို ပိတ်ထားဖို့ တောင်းဆိုထားပါတယ်။
လူ ၁၈ ယောက်ကို ကယ်ဆယ်ခဲ့ပြီး သုံးယောက်ကို ဆေးရုံပို့ခဲ့ရတယ်၊ အနည်းဆုံး လူခြောက်ယောက် ဒဏ်ရာရတယ်လို့ အီတလီသတင်းစာ လာရေပတ်ဗလစ်ကာက ဖော်ပြပါတယ်။