ဒူဘိုင်းမြို့ရှိ ဘာ့ဂျခါလီဖှာမိုးမျှော်တိုက်တွင် ဗြိတိန်ဘုရင်မကြီး၏ရုပ်ပုံ မီးထွန်းညှိဂုဏ်ပြု

3
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ ဒူဘိုင်းမြို့မှာရှိတဲ့ ဘာ့ဂျခါလီဖှာ မိုးမျှော်တိုက်မှာ စက်တင်ဘာ ၁၁ ရက်က ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ရုပ်ပုံနဲ့ ဗြိတိန်အလံကို မီးထွန်းညှိထားခဲ့ပါတယ်။
ဒီအဆောက်အဦးဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်ပြီး ဒူဘိုင်းမှာရှိတဲ့ ခရီးသွားတွေကို အဓိက ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဗြိတိန်သမိုင်းမှာ နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက်ဟာ စက်တင်ဘာ ၈ ရက်နေ့က အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးတဲ့အချိန်မှာ ပြည်တွင်း ပြည်ပနဲ့ ကမ္ဘာတဝန်းက သူ့အပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။