ချဲလ်ဆီးနည်းပြဟောင်း တူချယ် ထုတ်ပယ်ခံရမှု ကစားသမားများတွင် တာဝန်ရှိဟု ဂျော်ဂျင်ဟိုပြော

နည်းပြတူချယ် ထုတ်ပယ်ခံရမှုမှာ ကစားသမားတွေမှာ တာဝန်ရှိကြောင်း ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက ပြောပါတယ်။
တူချယ်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်ဖြစ်တဲ့ ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
အသင်းလိုက်ကစားရတာကြောင့် တဦးတယောက်မှာ တာဝန်မရှိဘဲ ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ ကစားသမားတွေမှာ တာဝန်ရှိတယ်လို့ ဂျော်ဂျင်ဟိုက မှတ်ချက်ပေးခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အနေနဲ့ ဆဲလ်ဘက်နဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂျော်ဂျင်ဟိုက တူချယ်ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဆဲလ်ဘက်နဲ့ပွဲက ပေါ်တာအတွက် ပထမဆုံးပွဲစဉ် ဖြစ်လာမှာပါ။
နည်းပြသစ်ပေါ်တာဟာ ကောင်းမွန်တဲ့ ဘောလုံးဒဿန ရှိတာကြောင့် ကစားသမားတွေဘက်က ကြိုးစားပေးဖို့ အသင့်ရှိပြီး အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဂျော်ဂျင်ဟိုက ပြောသွားပါတယ်။