close

တမူးမြို့တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တွေ့ရှိ

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မဈေးတောင်ဘက် တိုက်ခန်း ဆိုင်ခန်းတခန်းရှေ့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမည်မသိ အမျိုးသားအလောင်းကို စက်တင်ဘာ ၁၅ ရက်က တွေ့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အလောင်းကို ‘နိဗ္ဗာန်လမ်း’ ပရဟိတ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

တမူးမြို့က ဒေသခံတယောက်က “တမူးမှာ အမည်မသိအလောင်းတွေ ခနခန တွေ့နေရတယ်။ လူသတ်မှုတွေလည်း များလာတယ်။ မြို့ပေါ်မှာလည်း ပျူစောထီးတွေက ကြီးစိုးနေတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်ကလည်း တမူးမြို့နယ် မန်မော်ရွာသစ်ကျေးရွာထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတလောင်း တွေ့ရှိခဲ့ပါသေးတယ်။

ဒီဗွီဘီက စုဆောင်းထားတဲ့ အချက်အလက်တွေအရ ၁၅ ရက်အတွင်း တမူးမြို့နယ်မှာ ပိုင်ရှင်မဲ့အလောင်း ၅ လောင်းထိ ရှိနေပြီလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up