ပခုက္ကူတွင် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူ-PDF ကနေ သိရပါတယ်။
ကျွန်းချောင်းဘက်ကနေ ဆိုင်ကယ် ၆ စီး၊ ကား ၁ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ဆိက္ခဝရွာက ပျူစောထီးတွေကို ချောင်မကြီး ချောင်းနားအရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ၃ ယောက်ပူး စီးနင်းလာတဲ့ ဆိုင်ကယ်တစီးကို ထိမှန်ခဲ့တယ်လို့ ပခုက္ကူ-PDF ပြန်ကြားရေးတာဝန်ခံ အတီးက ဒီဗွီဘီကို ပြောပါတယ်။
“မိုင်းကွဲပြီးတော့ ပျူ(...)တယောက် နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်။ ရမ်းသန်းပစ်ခတ်ပြီး ကျွန်းချောင်းဘက်ကို ပြန်ထွက်သွားကာ ဆေးရုံမှာ တယောက် ထပ်မံသေဆုံးတယ်။ တယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှု ခံယူနေတယ်လို့ အတွင်းသတင်းရတယ်။ ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေကတော့ မိုင်းဆွဲတိုက်ခိုက်ပြီး အချိန်မီ ဆုတ်ခွာခဲ့ကြလို့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူး။”
မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပျူစောထီးတွေ သေဆုံးဒဏ်ရာရရှိတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။