ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို မဖြစ်မနေခေါ်ယူရန် လီဗာပူးအသင်းပစ်မှတ်ထား

လီဗာပူးအသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို မဖြစ်မနေခေါ်ယူဖို့ပစ်မှတ်ထား တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက ဘယ်လင်ဂမ်ကိုခေါ်ယူဖို့ နည်းပြ ကလော့ပ်ကိုယ်တိုင် ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူကို လာမယ့်နွေရာသီရောက်မှ ထပ်မံဆွေးနွေးပြီး မဖြစ်မနေခေါ်ယူဖို့သွားဖို့ လီဗာပူးကပစ်မှတ် ထားနေပါတယ်။
လီဗာပူးကွင်းလယ်မှာ ဂျိမ်းစ်မီလ်နာ၊ ဟန်ဒါဆန်နဲ့ သီယာဂိုတို့က အသက်အရွယ် တစ်ခုမှာရောက်ရှိနေပြီဖြစ်လို့ ဘယ်လင်ဂမ်ကို ရေရှည်အထိအသုံးပြုနိုင်ဖို့ လီဗာပူးက ရည်မှန်းထား တာပါ။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ကြားရက်က မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဦးဆောင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။
သူဟာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားအပြီးမှာ ပြောင်းရွှေ့ကြေး ပိုမိုတက်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။