close

လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူး ယိဆေး ကွယ်လွန်

လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယိဆေး ( အသက် ၇၈ နှစ် ) ဟာ  လူကြီးရောဂါနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ကွယ်လွန်သွားပြီလို့ လားဟူဒေသခံတဦးက ပြောပါတယ်။ 

အဲဒီနေ့ ညနေပိုင်းက နေမကောင်းဖြစ်လို့ မိုင်းဆတ်ကနေ တာချီလိတ်ကို ဆေးသွားကုစဉ် လမ်းခု လတ်မှာ ဆုံးပါးသွားတာလို့ ဆိုပါတယ်။ 

“ဗိုလ်မှူးကြီးက မိုင်းဆတ်ကနေ တာချီလိတ်အသွား လမ်းမှာပဲ ဆုံးသွားတယ်လို့ သိရတယ်ခင်ဗျ။ ရောဂါကတော့ လူကြီးရောဂါပေါ့။ သူ့အလောင်းကို တာချီလိတ်မြို့နယ် ရေပူစံပြကျေးရွာဘုရားရှိခိုးကျောင်းမှာ ထားပြီး မနက်ဖြန် သင်္ဂြိုဟ်မယ်လို့ သိရတယ်။”

ဗိုလ်မှူးယိဆေးဟာ ယခင်က ခွန်ဆာ ခေါင်းဆောင်တဲ့ MTA တပ်ဖွဲ့မှာ ပါဝင်ခဲ့ပြီး ခွန်ဆာ လက်နက်ချအလင်းဝင်တဲ့နောက် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေက ပြည်သူ့စစ်အသွင်နဲ့ လှုပ်ရှားလာကာ ဗိုလ်မှူးယိဆေးမှာလည်း လားဟူတိုင်းရင်းသားပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာ ပါတယ်။ 

ဗိုလ်မှူးယိဆေးဟာ တာချီလိတ်မြို့နယ် ရေပူရွာမှာနေထိုင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရေပူရွာကို စံပြရွာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ထိုင်းဘက်ခြမ်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဗိုလ်မှူးယိဆေးရဲ့ အဖွဲ့က လာတာလို့ဆိုပြီး ထိုင်းမူးယစ်ရဲတပ်ဖွဲ့က သူ့ကိုအလိုရှိကြောင်း ဘတ်ငွေ ၅ သန်းနဲ့ ဆုငွေ ထုတ်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up