close

ကသာတွင် မိုင်းရှောင်ချီတက်လာသည့် စစ်သားများ ကမ်းပါးပြိုပြီး တဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ကသာမြို့အထက်ဘက် မိုးတားတိုက်နယ်မှာ ဒေသကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ၅ ရက်အတွင်း ၅ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကသာ ပကဖအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။ 

"စကစ စစ်အုပ်စုက မိုးတားလေးကနေ ကသာမြို့ဘက်ကို အပြန်စစ်ကြောင်းထိုးလာခဲ့တယ်‌။ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းကွင်း‌တွေကို ရှောင်ကွင်းတဲ့အနေနဲ့ ကမ်းပါးယံအတိုင်းလာကြရာ ကမ်းပါးပြိုကျပြီး ရေနစ်သေဆုံးခဲ့တဲ့ စစ်သားတကောင်ကို အခု ရရှိထားပါတယ်။ ပုပ်ပွပြီး ပေါ်လာတာ ဖြစ်ပါတယ်။ ၅ ရက်ကြာ ကသာမြို့ အနောက်ဘက်ကမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၂၀ ထက်မနည်း သေဆုံးသွားတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သတင်းရပါတယ်" လို့ ကသာ ပ.က.ဖ အဖွဲ့က ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း မိုးတားလေးကျေးရွာနဲ့ မြေနုရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာအရောက်မှာ မိုးတားတိုက်နယ် ပ.က.ဖ ဗိုလ်သာလိကာ ဦးဆောင်တဲ့အဖွဲ့က မိနစ် ၄၀ ကြာ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ဗိုလ်လေး တယောက်နဲ့ အများအပြား ထိခိုက်သေဆုံးပြီး စက်လှေတွေနဲ့ ကသာကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ ကသာ ပကဖ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up