close

စပိန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံရသည့်အပေါ် နောက်ခံလူ ရာမို့စ် စိတ်ပျက်

ပီအက်စ်ဂျီနောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့အပေါ် အလွန်အမင်း စိတ်ပျက်နေပါတယ်။

ရာမို့စ်ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ် ၁၁ ပွဲမှာ ၁၀ ပွဲ ပွဲထွက်ကစားခဲ့ပြီး ဂိုးမပေးရတဲ့ပွဲကလည်း ၆ ပွဲ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမဲ့ အခုနှစ်ရာသီမှာတော့ ရာမို့စ်တယောက် ပုံမှန်ခြေစွမ်း ပြသနေတာပါ။

ဒါပေမဲ့ နည်းပြ လူးဝစ်အင်းနရစ်ရဲ့ စပိန်လက်ရွေးစင်အသင်းက ရာမို့စ်ကို ချန်လှပ်ခဲ့တာပါ။ ရာမို့စ်ဟာ အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပေမဲ့ နိုင်ငံအသင်းအတွက် ဆက်လက်ကစားလိုပြီး လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့် ရရှိချင်တာကြောင့် ရွေးချယ်မခံရတဲ့အပေါ် အလွန်စိတ်ပျက်နေကြောင်း Football Espana သတင်းမှာ ဖော်ပြပါတယ်။

ရာမို့စ်ဟာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေတာက သတင်းကောင်းဖြစ်တယ်လို့ နည်းပြ အင်းနရစ်က ပြောခဲ့ပေမဲ့ လက်ရှိ ရွေးချယ်ထားသူတွေဟာလည်း နေရာအလိုက် အကောင်းဆုံး ကစားသမားတွေဖြစ်ကြောင်း အင်းနရစ်က ပြောပါတယ်။

စပိန်နည်းပြ အင်းနရစ်ဟာ လီဗာပူးက အယ်ကန်တာရာ၊ ဘာစီလိုနာက အန်ဆုဖာတီတို့ကိုလည်း လက်ရွေးစင်အသင်းအတွက် မရွေးချယ်ဘဲ ချန်လှပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up