close

မြစ်ကြီးနားတွင် အမျိုးသမီး ၁ ဦး ဆိုင်ကယ်လုယက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စံပြ‌ဘောလုံးကွင်းရှေ့မှာ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီခွဲလောက်က အမျိုးသမီးတယောက် လည်ပင်းညှစ်ခံရပြီး ဆိုင်ကယ်လုခံရတယ်လို့ ဆိုင်ကယ်ပိုင်ရှင်က ပြောပါတယ်။

“ကျမ ဘက်ထရီဒေါ်လာဆိုင်ကယ်လေး၊ ၈ နာရီခွဲလောက်က စံပြဘောလုံးကွင်းရှေ့နားမှာ သူငယ်ချင်းမလေးကို လည်ပင်းညှစ်၊ ဓားပြတိုက်ခံရပြီး အလုခံလိုက်ရပါတယ်။ သူငယ်ချင်းမလေးရဲ့ ဖုန်းနဲ့ လက်ပ်တော့ ပိုက်ဆံလည်းပါသွားတယ်။”

ဆိုင်ကယ်လု ဓားပြတိုက်သူနှစ်ယောက်က လမ်းရှေ့ကပိတ်ပြီး တယောက်က လည်ပင်းညှစ်နေချိန် ကျန်တယောက်က ပါတဲ့ပစ္စည်းတွေ အမြန်ယူဖို့ပြော‌ပြီး လည်ပင်းညှစ်ခံရချိန် သတိမေ့ဟန်ဆောင်လိုက်မှ ထွက်ပြေးသွားတာဖြစ်ကြောင်း ပစ္စည်းလုခံရသူရဲ့ မိတ်ဆွေက ပြောပါတယ်။

“ဆိုင်ကယ်လုမခံရခင်ကတည်းက လမ်းမေးသလိုလိုနဲ့ နောက်ကလိုက်တယ်။ A Bar လမ်းခွဲကတည်းက လိုက်လို့ သူက ခဏရှောင်ပြီး ပြန်လာတဲ့အချိန် လမ်းမှာ 125 ဆိုင်ကယ်နဲ့ ပိတ်ရပ်ပြီး အလုခံရတာပါ။ ဆိုင်ကယ်ပြန်ရောင်းတာတို့ ရှိလာရင် အကြောင်းကြားပေးစေလိုပါတယ်။”

ဆိုင်ကယ်လုခံရတာနဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်ထိန်းတွေကို သတင်းပို့ထားပေမဲ့ အခုချိန်ထိ အကြောင်းမကြားသေးဘူးလို့ ဆိုင်ကယ်ပိုင်ရှင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၂ ခုနှစ်အတွင်း အိမ်ဖောက်ထွင်းခံရမှုတွေ၊ မီးကြိုးဖြတ်ခိုးခံရမှု၊ လူသတ်မှုတွေနဲ့ ဆိုင်ကယ်ခိုးခံရမှုတွေ မကြာခဏ တွေ့ကြုံနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up