close

စုပေါင်းလုပ်ဆောင်ရန် လိုအပ်နေဟု ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ပြော

ကမ္ဘာကြီးဟာ ကြီးမားတဲ့ဒုက္ခနဲ့ ရင်ဆိုင်နေရပြီး ကုလအသင်းကြီးကလည်း စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကွဲပြားမှုတွေက ပိုနက်ရှိုင်းလာနေပြီး မညီမျှမှုတွေက ပိုကျယ်ပြန့်လာနေတဲ့အပြင် စိန်ခေါ်မှုတွေက ပိုပျံ့နှံ့လာနေကြောင်း  ဂူတာရက်စ်က အထွေထွေဆွေးနွေးပွဲ မစတင်ခင် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ ပြောကြားခဲ့တာပါ။

နိုင်ငံတကာအသိုက်အဝန်းဟာ ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်မှု သင့်တော်မှန်ကန်မှု မရှိတဲ့အထဲမှာ ဆိုးဆိုးရွာရွား ပိတ်လှောင်ခံနေရကြောင်း ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။

ဒီအကျပ်အတည်းက လူသားတွေရဲ့ အနာဂတ်နဲ့ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ခြိမ်းခြောက်နေတာဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းဟာ ဒီခေတ်ရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဂူတာရက်စ်က ပြောပါတယ်။

ပထဝီဝင်နိုင်ငံရေးအရ ကွဲလွဲမှုတွေကြောင့် လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပြီး နိုင်ငံတကာဥပဒေတွေကို ထိခိုက်ရကြောင်း၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံအားလုံးကို ပျက်ပြားစေကြောင်းလည်း သူကဆိုပါတယ်။

တချိန်တည်းမှာပဲ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပျံ့နှံ့နေကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ခံချက်အတွက် ရန်ပုံငွေကွာဟချက်ဟာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံရှိပြီး အကျယ်ပြန့်ဆုံးဖြစ်တယ်လို့ သူကပြောပါတယ်။

တချိန်တခါက ကမ္ဘာလုံးဆိုင်ရာ လူနေမှုစရိတ် အကျပ်အတည်းဟာ လူမှုရေး မငြိမ်သက်မှုတွေကို လှုံ့ဆော်ပေးနေကြောင်းနဲ့ လူမှုရေး မငြိမ်သက်မှုတွေဟာ ရှောင်လွှဲမရတဲ့ ပဋိပက္ခတွေနောက်မှာ ရှိနေကြောင်း ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။

ဘက်ပေါင်းစုံမှ ထိခိုက်နစ်နာနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီရေး ပူးပေါင်းလုပ်ဆောင်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီးမားမား မြှင့်တင်ဖို့အတွက် G20 ဦးဆောင်တဲ့ SDG Stimulus စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေကို အဆိုပြုခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း ဂူတာရက်စ်က အလေးပေး ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up