close

ရာသီဥတုဖောက်ပြန်မှု အကြီးမားဆုံး ခြိမ်းခြောက်မှုဟု ဖိလစ်ပိုင်သမ္မတပြော

ရာသီဥတုဖောက်ပြန်မှုဟာ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တယ်လို့  ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာ ၂၀ ရက်က ပြောပါတယ်။

ရာသီဥတုဖောက်ပြန်မှုရဲ့ အကျိုးဆက်တွေက မညီမမျှဖြစ်ပြီး တာဝန်အနည်းဆုံးသူတွေက အများဆုံး ခံစားနေကြရတယ်လို့လည်း သူက ပြောပါတယ်။

၁၉၈၆ ခုနှစ် တော်လှန်ရေးမှာ ဖြုတ်ချခံခဲ့ရတဲ့ ဖာဒီနန်မားကို့စ်ရဲ့သား မားကို့ဂျူနီယာဟာ ဇွန်လ ၃၀ ရက်နေ့မှာ ဖိလစ်ပိုင်သမ္မတရာထူးကို စတင်တာဝန်ယူခဲ့တာပါ။

သမ္မတရာထူး ပြန်ယူဖို့နဲ့ သူ့ရဲ့ပုံရိပ်ကို ပြန်ထူထောင်ဖို့ ဆယ်စုနှစ် အများကြီးကြာအောင် ကြိုးပမ်းခဲ့အပြီး မေလရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့သူဖြစ်ပါတယ်။

သူ့ဖခင် ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ်ဟာ ၁၉၆၅ ခုနှစ်ကနေ ဆယ်စုနှစ် နှစ်ခုကြာ အုပ်ချုပ်ခဲ့ပြီး သက်တမ်းထက်ဝက်နီးပါးကို စစ်အုပ်ချုပ်ရေးအောက်မှာ အုပ်ချုပ်ခဲ့တာပါ။

အဲဒီအချိန်က ထောင်နဲ့ချီတဲ့ ပြိုင်ဘက်တွေကို ထောင်သွင်းအကျဉ်းချ သတ်ဖြတ်တာ ဒါမှမဟုတ် ပျောက်ကွယ်သွားအောင်လုပ်တာတွေ ရှိခဲ့ပြီး နိုင်ငံပိုင်ကြွယ်ဝမှု ဒေါ်လာ ဘီလီယံပေါင်းများစွာ လုယူခံခဲ့ရပါတယ်။ မားကို့စ်မိသားစုကတော့ အာဏာအလွဲသုံးစားလုပ်မှုကို ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up