ရုရှားက နျူလက်နက်သုံးရန် ခြိမ်းခြောက်နေဟု အမေရိကန်သမ္မတ ဘိုင်ဒင် စွပ်စွဲ

ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး နျူလက်နက်သုံးဖို့ ခြိမ်းခြောက်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၂၁ ရက်မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။
ယူကရိန်းဘက်ကနေ ရန်ပုံငွေနဲ့ လက်နက်တွေ ပံ့ပိုးကူညီနေတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၄၀ လောက်ပါတဲ့ စစ်ပွဲကို စတင်ခဲ့တဲ့အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘိုင်ဒင်က နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တဦးက သူ့အိမ်နီးချင်းကို ကျူးကျော်ဝင်ရောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံကို မြေပုံကနေ ဖျက်ပစ်ဖို့ ကြိုးပမ်းခဲ့တယ်။ ရုရှားနိုင်ငံဟာ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ အခြေခံ သဘောတရားတွေကို အရှက်မရှိ ချိုးဖောက်ခဲ့တယ်” လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ပူတင်က ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားတပ်တွေကို စည်းရုံးပြင်ဆင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
နျူလက်နက်သုံးဖို့ ပါးပါးလေး ခြိမ်းခြောက်ခဲ့လို့ ရုရှားရဲ့ ဆိုးရွားတဲ့ ရှုံးနိမ့်မှုကို ရင်ဆိုင်ရာမှာ စိတ်ပျက်အားငယ်လို့ ‘မဆင်မခြင်’ လုပ်တဲ့ လုပ်ရပ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) က ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။
“နျူကလီးယားစစ်ပွဲကို မအောင်နိုင်သလို နျူစစ်ပွဲ ဘယ်တော့မှ ဖြစ်မလာရဘူး” လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။
ရုရှားကို ဘယ်သူကမှ မခြိမ်းခြောက်နေဘဲ ရုရှားကသာ ပြောင်းပြန်ပြောရင်း ပဋိပက္ခကို ဖန်တီးနေတာလို့ ဘိုင်ဒင်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းနဲ့အတူ စည်းစည်းလုံးလုံး ရပ်တည်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။