close

နေပြည်တော်တွင် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီဟာ ရွေးကောက်ပွဲအသစ်ကျင်းပဖို့အတွက်  မဲစာရင်းစိစစ်တာနဲ့ မဲရုံအရေအတွက် လျာထားသတ်မှတ်တာနဲ့ပတ်သက်တဲ့  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်က ကျင်းပပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရွေး‌ကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ငန်းစဉ်တွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ပြည်သူတွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိသလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာနေထိုင်သူတဦးက "ဒီလောက်ဗျာ စားဝတ်နေရေးတွေ ကျပ်တည်းနေချိန်ကြီး ဘယ်သူက စိတ်ဝင်စားနိုင်မှာတုန်း။ ပြီးတော့သူတို့လုပ်မယ့်ရွေးကောက်ပွဲ သမာသမတ်ကျမယ် မျှတမယ်လို့လည်း ဘယ်သူက ယုံကြည်မှာလဲ။ အဲ့ဒီတော့ ဘယ်သူမှ စိတ်မဝင်စားဘူး။ ခင်ဗျားမယုံရင် အရပ်ထဲပတ်မေးကြည့်” လို့ ပြောပါတယ်။

စစ်ကောင်စီကလာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲသစ်ကျင်းပမယ်လို့ ဆိုထားပြီး ရွေးကောက်ပွဲစနစ်ကို နိုင်သူအကုန်ယူ FTTP စနစ်ရော  အချိုးကျကိုယ်စားလှယ် PR စနစ်ကိုပါ ပူးတွဲအသုံးပြုမယ်လို့ ပြောထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကတော့ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ မသေချာသေးဘူးလို့ ပြီးခဲ့တဲ့ ရုရှားခရီးစဉ်အတွင်းပြောကြားထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အာဏာ သိမ်းယူခဲ့တာဖြစ်ပြီး အခု စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှန်ကန်မှု ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ စစ်ကောင်စီက အာမခံပြောကြားနိုင်ခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up