close

ထီးချိုင့်မြို့နယ်၌ စစ်ကောင်စီဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ မြတောင်လမ်းဆုံဂိတ်ကို စက်တင်ဘာ ၂၃ ရက် မနက် ၆ နာရီခွဲလောက်က  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ  ဂိတ်တာဝန်ကျ စစ်ကောင်စီတပ်သား နှစ်ယောက်သေဆုံးပြီး တယောက် ခြေထောက်ပြတ်ကာ အပြန်အထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

Special.9-HPDF အဖွဲ့တာဝန်ရှိသူက "ဂိတ်တဲထဲမှာ လမ်းကြေးကောက်ဖို့ စောင့်နေတဲ့ (စခ..) နှစ်ယောက်ကတော့ တစ်စစီ လိုက်မကောက်ရရင် ကံကောင်းပဲ။ ဂိတ်အပြင်က (စခ..)ကတော့ ခြေထောက်ပြတ်ထွက်သွားတယ်လို့သိရတယ်။ တခြားနေရာတွေလည်း ထိထားပြီး ရှောနိုင်ခြေများပါတယ်။ မိုင်းနှစ်လုံးဆွဲပြီး ရှယ်ကြွေးလိုက်တယ်။ မိုင်းကလည်း မထိမှာမပူရဘူး။ ဂိတ်တဲအထဲချပေးထားတာ မြွေဆိုရင်တောင် ထကိုက်တယ်။ သူတို့က ဂိတ်ကြေးကောက်ဖို့ပဲ လောဘတက်နေတာ" လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး လုံခြုံဘေးကင်းရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်လို့ HPDF တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက် စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြဖို့  Special.9-HPDF တာဝန်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up