close

ရန်ကုန်မြို့၌ တလအတွင်း ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်၊ ဗိုလ်မှူးချုပ်(ငြိမ်း) အပါအဝင် ၁၆ ဦးသေ၊ ၂၇ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ စက်တင်တာဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး  ဗိုလ်မှူးချုပ် (ငြိမ်း) အပါအဝင် ၁၆ ဦး သေဆုံး၊  ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလအတွင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တွံတေး၊ ပုဇွန်တောင်၊ ရွှေပြည်သာ၊ သာကေတ၊ ဒလ၊ မရမ်းကုန်း၊ လှိုင်နဲ့ပန်းပဲတန်းမြို့နယ်တို့မှာ ပစ်ခတ်မှု ၁၄ ကြိမ်ဖြစ်ခဲ့ဖြစ်ပြီး ၁၅ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့်  ဗိုလ်မှူးချုပ် (ငြိမ်း) တဦး၊ ဗိုလ်ကြီး (ငြိမ်း) ဒုတပ်ကြပ် တဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦး၊ ရာအိမ်မှူးခြောက်ဦး၊ သတင်းပေးဒလန်လို့နာမည်ထွက်သူ ငါးဦး စုစုပေါင်း ၁၅ ဦး သေဆုံးကာ ထွေအုပ်စာရေးဝန်ထမ်းအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့တာပါ။

အလားတူ လှိုင်၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ လှိုင်သာယာ၊ တာမွေ၊ သုံးခွ၊ မြောက်ဥက္ကလာ၊ သာကေတ၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်းနဲ့ အလုံမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး တဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက် တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက် ဂရုဏာလမ်းနဲ့အနော်မာလမ်းထောင့် ဗုံးပေါက်ကွဲမှုမှာတော့ အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်ရှိ မြို့နယ်အချို့မှာ စက်တင်ဘာလအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံး၊ EPCရုံး လုံခြုံရေးကင်း၊ ရဲစခန်းတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

စက်တင်ဘာ တလတာအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်များကြောင့် ဗိုလ်မှုးချုပ်အုန်းသွင် သေဆုံးခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်မှ အငြိမ်းစားအရာကြီးအချို့ နေပြည်တော်ကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up