close

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

‌ကန့်ဘလူမြို့နယ် အရှေ့မြောက်ပိုင်းမှာ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၉ ရက် မနက်ပိုင်းက ဆွဲမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက် ညနေပိုင်းက  ကန့်ဘလူမြို့နယ်၊ ဇင်းရွာအနီး စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူ တပ်ရင်း(၃)နဲ့ ပကဖတွေက  လိုက်လံပစ်ခတ်ရာမှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ Kawlin Info အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ချိန် စစ်တပ်က လက်နက်ကြီးနဲ့ပြန်ပစ်တာကြောင့် အရပ်သား ၂ ယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ရဲမင်းဝေနဲ့ လှိုင်ဇော်ဦးတို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိပေမဲ့ စုံစမ်းမရသေးဘူးလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ထုတ်ပြန်တာလဲ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up