ပီရူးတွင် မူးယစ်ဆေးဝါး ၁၆ တန် မီးရှို့ဖျက်ဆီး

ပီရူးနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက်က မူးယစ်ဆေးဝါး ၁၆ တန်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီမူးယစ်ဆေးဝါးတွေဟာ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။
ပီရူး ပြည်ထဲရေးဝန်ကြီးဌာနက ဖြန့်ချိတဲ့ ဗီဒီယိုဖိုင်ထဲမှာ အရာရှိတွေက အဖြူရောင်အမှုန့်တွေ ပါတဲ့ အိတ်တွေကို မီးဖိုထဲပစ်ချနေတာကို ပြသထားပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကိုကင်းတွေဖြစ်ပြီး ကိုကာနဲ့ လုပ်ထားတဲ့ အဆီအနှစ်တွေနဲ့ ကိုကင်း ဟိုက်ဒရိုကလိုရိုက်တွေလို့ ပြည်ထဲရေးဒုဝန်ကြီး အေဘယ် ဂါမာရာက ပြောပါတယ်။
ပီရူးအမျိုးသားရဲတပ်ဖွဲ့က အခုနှစ်အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို တတိယ အကြိမ်မြောက် မီးရှို့ဖျက်ဆီးတာလည်း ဖြစ်ပါတယ်။