close

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်များကို မင်းကင်း PDF က ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ဖက်ခက်ရွာအနီး မကျည်းတောင်ရိုးမှာ စက်တင်ဘာ ၁၁ ရက် မနက် ၈ နာရီက စတင်ပြီး ၉ နာရီ ၄၅ မိနစ်လောက်အထိ  စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မင်းကင်းမြို့နယ်ပန်းဆက်ရွာဆိပ်ကမ်းကနေ ထွက်လာတာ စစ်ကောင်စီရဲ့ ဖလပ်ခွံ မော်တော် ၁၃ စီးဟာ မကျည်းတောင်ရိုးကနေ စတင်တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ အရေအတွက်တော့ အတိအကျမသိရဘူးလို့ PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ 

“စစ်ကောင်စီအကျအဆုံးကတော့ ကျနော်တို့အဖွဲ့နဲ့ပစ်ခတ်တာတော့ နှစ်ဦးကျတာတော့ လက်တွေ့ မြင်လိုက်ရတယ်။ တခြားအဖွဲ့တွေ ပစ်လို့ ဘယ်‌နှစ်ကောင်သေဦးမလဲ ဆိုတာကတော့မ သိရသေးဘူး။”

မင်းကင်းမြို့နယ် စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ “သူတို့ကအခုလိုပစ်ခတ်ပြီး သေတဲ့သူတွေကို မင်းကင်းမြို့ပေါ်ကို သယ်လာလေ့မရှိဘူး၊ တောင်ယာတောရွာရဲ့ သင်္ချိုင်းမှာ မြေမြုပ်လေ့ရှိတယ်ဗျ။ ဒဏ်ရာရသူတွေကိုတော့ မင်းကင်းဆေးရုံမှာ ကုသပေးလေးရှိပါတယ်။ အခုလည်း ဒဏ်ရာရသူတွေပါလာတယ်ဆိုတဲ့သတင်း ကနဦးရရှိထားတယ်။ အသေစာရင်းကတော့ အတိကျမသိရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က  ပြန်လည်ပစ်ခတ်တာလို့ ဖက်ခက်ရွာ၊ ပင်နင်းရွာ၊ နှင်းကြီးရွာ၊ လက်ချိတ်ရွာစတဲ့ ကျေးရွာတွေက နေအိမ်အချို့ လက်နက်ကြီးကျည်ကျပြီး အမိုးအကာနဲ့ တွေပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနီးနားက ကျေးရွာသားတဦးက “ဒေသခံပြည်သူတွေကတော့ စစ်ကောင်စီလာပြီဆိုတာနဲ့ ဒါပဲ စောင့်ကြည့်နေရတာ။ သူတို့က ဒီဘက်က PDF ကမပစ်လည်း သူတို့က သူတို့ကိုပစ်မယ်အထင်နဲ့ ရမ်းပစ်ခတ်နေကြတာဆိုတော့ ထွက်ပြေးဖို့ရာ စောင့်ကြည့်နေကြရတာ။ ဒီနေ့လည်း ပစ်ခတ်ကြတာတော့ ဆူညံနေတာပဲ။ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကျည်တွေလည်း ကျနော်တို့   စစ်ရှောင်အနီးကျတာတွေရှိတယ်။ အထိခိုက်တွေတော့မရှိဘူး”လို့ ပြောပါတယ်။

အခုအတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ မော်တော် ၁၃ စီးဟာ ချင်းတွင်းမြစ်အထက်ပိုင်းကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေအပြင် လေယာဉ်ဆီတွေပါ သွားရောက်ပို့ဆောင်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပေမဲ့ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ မော်တော် ၁၃ စီးဟာ ကနီမြို့နယ်အတွင်းဖြတ်သန်းသွားချိန်မှာလည်း  ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တာခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up