ဇာပိုရစ်ချ်ဇီယာမြို့ကို ဒုံးကျည် ၁၂ လုံးထိမှန်ပြီး အနည်းဆုံး လူ ၁ ဦး သေဆုံး

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇီယာမြို့ကို ဒုံးကျည် ၁၂ လုံး ထိမှန်ခဲ့ပြီး အနည်းဆုံး လူတယောက် သေဆုံးခဲ့ကြောင်း ယူကရိန်းအရာရှိတွေက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။
ရိုက်တာ ဗွီဒီယိုထဲမှာတော့ ပြိုကျပျက်စီးနေတဲ့ ပြတင်းပေါက်တွေနဲ့ အနောက်ဘက်ရှိ လူနေအဆောက်အအုံတခု ပျက်စီးနေတာကို ပြသခဲ့ပါတယ်။
ယူကရိန်းရဲ့ ဆဋ္ဌမ အကြီးဆုံးမြို့ဖြစ်တဲ့ ဇာပိုရစ်ချ်ဇီယာဟာ အခုလအတွင်း မော်စကိုက တစိတ်တပိုင်း သိမ်းပိုက်ထားတဲ့ ဒေသလေးခုအကြားက နယ်မြေတွေထဲမှာ ပါနေပေမဲ့ စစ်ပွဲတလျှောက်လုံး ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တာပါ။
လွန်ခဲ့တဲ့ ရက်သတ္တပတ်က လူနေတိုက်ခန်းတွေကို တညလုံး ၃ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပြီး အရပ်သားပြည်သူတွေ အိပ်ပျော်နေချိန်မှာ လက်နက်ကျည်တွေထိမှန် သေဆုံးခဲ့ရပါတယ်။
မော်စကိုကတော့ အရပ်ဘက်ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။