close

မင်းပြားမြို့နယ်၌ ပြည်သူလူထုစိုက်ပျိုးထားသည့် စပါးများကို စစ်ကောင်စီတပ်က အဓမ္မယူ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပြည်သူတွေစိုက်ပျိုးထားတဲ့ စပါးတွေကို စစ်ကောင်စီတပ်က အဓမ္မရိတ်ယူနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့နယ် ဖလောင်းပြင်ရွာနားမှာ မနေ့နေ့လယ်ပိုင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ လယ်ကွက် ၂ ကွက်မှာ စိုက်ပျိုးထားတား စပါးတွေကို ကြပ်စင်တံတားနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အဓမ္မရိတ်သိမ်းနေကြတယ်လို့ ဖလောင်းပြင်ရွာ ဒေသခံတယောက်က ပြောပါတယ်။

“ဒီလယ်ကွင်းတွေက ဖလောင်းပြင်ရွာသား နှစ်ယောက်ပိုင်ဆိုင်တဲ့ လယ်ကွင်းတွေပါ။ ဒီလုပ်ရပ်က ဖက်ဆစ်စနစ်ထက်ကို ဆိုးရွားနေပါပြီ။ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူတာတွေ။ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေကြတာ။”

အဲဒီကြပ်စင် တံတားနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဖလောင်းပြင်ရွာအပြင် ကျေးရွာအများအပြားကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံပြည်သူတွေသေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ပြောပါတယ်။

ဖားလောင်းပြင်ရွာကို အောက်တိုဘာ ၁၇ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဖလောင်းပြင်ကျေးရွာက အသက် ၁၀ နှစ် အရွယ်ကလေးငယ် အပါအဝင်  ညီအစ်မ ၂ ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဧည့်စာရင်း စစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး  လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးသွားလာမရအောင် ပိတ်ဆို့ကာ  ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွ့င် ပိတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up