ကစားသမားကောင်းများထပ်ခေါ်ရန် စပါးအသင်းကို နည်းပြကွန်တီ ဖိအားပေး

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ထပ်ခေါ်ဖို့ နည်းပြကွန်တီက စပါးအသင်း တာဝန်ရှိသူတွေကို ဖိအားပေးထားပါတယ်။
စပါးအသင်းဟာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ ကူလူဆက်စကီးတို့ ဒဏ်ရာရရှိနေချိန်မှာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရပါတယ်။
ဒီအခြေအနေဟာ ကစားသမားသစ်ခေါ်ယူမှ ဖြစ်မယ်ဆိုတာ စပါးအသင်း တာဝန်ရှိသူတွေက သိရှိထားပြီးဖြစ်ကြောင်း၊ ဒီအခြေအနေတွေကို အသင်းကို ရှင်းပြရမယ့်သူဟာ မိမိတော့ မဟုတ်ကြောင်းလည်း နည်းပြကွန်တီက ပြောပါတယ်။
ဆက်လက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမစခင်မှာ အကောင်းဆုံးအဆင့် ရပ်တည်မှုရရှိဖို့ လိုအပ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ရောက်မှသာ အပြောင်းအရွှေ့ကိစ္စပြောတာ ကောင်းမွန်ကြောင်းလည်း နည်းပြကွန်တီက ပြောပါတယ်။
စပါးအသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ရိုမဲရိုးနဲ့ ကွင်းလယ်လူ ဟော့ဘယက်တို့ဟာလည်း ဒဏ်ရာရရှိနေပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။