close

နိုင်ဂျီးရီးယားကို ကိုယ်စားပြုကစားဖို့ အဆင်သင့်ရှိဟု အင်္ဂလန်တိုက်စစ်မှူး ဘာလိုဂမ်ပြော

နိုင်ဂျီးရီးယား လက်ရွေးစင်အသင်းက ရွေးချယ်မယ်ဆိုရင် လက်ခံကစားသွားမှာဖြစ်ကြောင်း အင်္ဂလန်လူငယ်တိုက်စစ်မှူး ဘာလိုဂမ်က ပြောပါတယ်။

အသက် ၂၁ နှစ်ရှိ အင်္ဂလန်ယူ ၂၁ တိုက်စစ်မှူးဟာ သက်တမ်းအလိုက်အသင်းတွေမှာ အင်္ဂလန်ကိုယ်စားပြု ကစားခဲ့သူပါ။

ဒါပေမဲ့ အင်္ဂလန်စီနီယာအသင်းကြီးမှာ မကစားရသေးတာကြောင့် နိုင်ဂျီးရီးယားအသင်းကို ကိုယ်စားပြုကစားခွင့် ရှိနေတာပါ။

ဘာလိုဂမ်ရဲ့ မိဘတွေက နိုင်ဂျီးရီးယားလူမျိုးတွေဖြစ်ပြီး သူ့ကို အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပေမဲ့ အသက် ၂ နှစ်အရွယ်ကတည်းက အင်္ဂလန်မှာ ရောက်ရှိနေခဲ့တာပါ။

နိုင်ဂျီးရီးယားအသင်းဘက်က ဘာမှမပြောသေးပေမဲ့ မိသားစုဝင်တွေက နိုင်ဂျီးရီးယားကဖြစ်တာကြောင့် မိခင်နိုင်ငံအပေါ် ချစ်မြတ်နိုးကြောင်း၊ နိုင်ဂျီးရီးယားကို ကိုယ်စားပြုကစားဖို့ အဆင်သင့်ရှိကြောင်း ဘာလိုဂမ်က ပြောပါတယ်။

အာဆင်နယ်ကနေ ပြင်သစ်ကလပ် ရီယမ်စ်မှာ အငှားသွားကစားနေတဲ့ ဘာလိုဂမ်ဟာ လီဂူးဝမ်း ၁၂ ပွဲကစားအပြီးမှာ ၇ ဂိုးသွင်းယူပြီး ခြေစွမ်းပြနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up