စီရော်နယ်ဒို မန်ယူအသင်းသားများနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်း

အသင်းလူစာရင်းကနေ ထုတ်ပယ်ခံထားရတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အသင်းသားတွေနဲ့အတူ ပြန်လည်ပူးပေါင်း လေ့ကျင့်နေပြီ ဖြစ်ပါတယ်။
မန်ယူအသင်းက စပါးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင်လည်း ကွင်းထဲကနေ ထွက်ခွာခဲ့တာကြောင့် ချဲလ်ဆီးနဲ့ တဂိုးစီသရေကျတဲ့ပွဲမှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာပါ။
လူငယ်အသင်းနဲ့သာ လေ့ကျင့်ခန်းဆင်းခဲ့ရတဲ့ ရော်နယ်ဒိုဟာ ချဲလ်ဆီးနဲ့ပွဲစဉ်အပြီးမှာတော့ အသင်းကြီးနဲ့အတူ ပြန်လည်ပူးပေါင်းခွင့် ရခဲ့တာပါ။
မန်ယူအသင်းဟာ ကြာသပတေးနေ့မှာ မော်ဒိုဗာကလပ် ရှရစ်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ အဲဒီပွဲစဉ်မှာ ပရီးမီးယားလိဂ်မှာ အရန်ခုံထိုင်နေရတဲ့ စီရော်နယ်ဒို ပွဲထွက်ကစားသွားဖို့ ရှိပါတယ်။