close

သန်းကြွယ်သူဌေးကြီး အီလွန်မတ်စ်ခ် တွစ်တာကို ဝယ်ယူ

သန်းကြွယ်သူဌေးကြီး အီလွန်မတ်စ်ခ်ဟာ ဒေါ်လာ ၄၄ ဘီလီယံတန် တွစ်တာ ကုမ္ပဏီကို အပြီးသတ်ဝယ်ယူလိုက်ပြီး အောက်တိုဘာ ၂၇ ရက်မှာ တွစ်တာ လူမှုကွန်ရက်ရဲ့ ပိုင်ရှင်အသစ် ဖြစ်လာပါတယ်။

သူ့ရဲ့ ပထမဆုံး လုပ်ဆောင်ချက်ကတော့ ထိပ်တန်းအမှုဆောင်တွေဖြစ်တဲ့ တွစ်တာ အမှုဆောင်အရာရှိချုပ် ပါရဂျ်အဂရာဝဲလ်၊ ဘဏ္ဍာရေးအရာရှိချုပ် နက်ဒ်ဆီးဂဲလ်နဲ့ ဥပဒေရေးရာနဲ့ မူဝါဒရေးရာ အကြီးအကဲ ဗီဂျာရာဂတ်ဒီတို့ကို ရာထူးကနေ ရပ်စဲလိုက်တာဖြစ်ကြောင်း အဲဒီကိစ္စနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သူတို့တွေဟာ သူ့ကို လှည့်စားခဲ့ပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ရှိ အကောင့်တု အရေအတွက်နဲ့ ပတ်သက်ပြီးတော့ တွစ်တာရင်းနှီးမြှုပ်နှံသူတွေကို အထင်အမြင် လွဲမှားအောင် စွပ်စွဲခဲ့တာလို့ ဆိုပါတယ်။

သြဇာကြီးတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းအတွက် သူ ပုံစံချထားတဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေကို သူ ဘယ်လိုပေါက်မြောက်နိုင်ကြောင်း နည်းနည်းလောက်ပဲ ရှင်းလင်းပြခဲ့တယ်လို့လည်း ဆိုပါတယ်။

အရောင်းအဝယ် သဘောတူညီချက် ပြီးဆုံးသွားချိန်အထိ အဂရာဝဲလ်နဲ့ဆီးဂဲလ်တို့ဟာ ဆန်ဖရန်စစ္စကို ဌာနချုပ်မှာ ရှိနေကြပြီး သူတို့ကို အစောင့်အကြပ်တွေနဲ့ အပြင်ထုတ်ခဲ့ပါတယ်။

တွစ်တာ၊ အီလွန်မတ်စ်ခ်နဲ့ အမှုဆောင်တွေဟာ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up