ရော်နယ်ဒိုပါရင် မန်ယူအသင်းခြေစွမ်းပိုမိုကောင်းမွန်ကြောင်း ဒါလော့ချီးကျူး

စီရော်နယ်ဒို အသင်းလူစာရင်းမှာရှိနေရင် မန်ယူအသင်းရဲ့ခြေစွမ်းပိုမိုကောင်းမွန်ကြောင်း နောက်ခံလူ ဒါလော့ကပြောပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်က စပါးအသင်းကို အနိုင်ရတဲ့ ပွဲစဉ်အတွင်း ပွဲမပြီးခင်ကွင်းထဲဝင်သွားခဲ့တာကြောင့် မန်ယူအသင်းက တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ပြီး ချဲလ်ဆီးနဲ့ အရေးကြီးပွဲစဉ်မှာ ထည့်သွင်းခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ ရှရစ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ စီရော်နယ်ဒိုက ပွဲထွက်လူစာရင်းမှာပြန်ပါလာခဲ့ပြီး ကိုယ်တိုင်အနိုင်ဂိုးသွင်းခဲ့သလို အသင်းကလည်း ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
နိုင်ငံအသင်းဖော်လည်းဖြစ်သူ ဒါလော့ကတော့ မန်ယူအသင်းဟာ စီရော်နယ်ဒို ကွင်းထဲမှာရှိနေတိုင်း အသင်းကို ကူညီပေးစမြဲဖြစ်ကြောင်း၊ ရော်နယ်ဒိုဟာ အသင်းရဲ့ခြေစွမ်းကို ပိုမို ကောင်းမွန်လာအောင်လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ဒါလော့ကချီးကျူးသွားခဲ့ပါတယ်။