close

တန်ပြန်ဒရုန်းများ ထွက်ပေါ်ရေး နည်းပညာကုမ္ပဏီများကို ဗြိတန်ထောက်ပံ့ပေးနေ

ဗြိတိန်ဟာ "တန်ပြန်-ဒရုန်းနည်းပညာ အသစ်တွေ”ကို ရန်ပုံငွေထောက်ပံ့နေပြီး "တဖက်စွန်းရောက် အကြောင်းအရာ"ကို နှိမ်နင်းဖို့ နည်းပညာကုမ္ပဏီကြီးတွေကို တွန်းအားပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗားလီးက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။ 

စစ်သွေးကြွတွေရဲ့ လက်ထဲကနေ အသစ်ထွက်ပေါ်လာနေတဲ့ နည်းပညာတွေကို ထိန်းသိမ်းဖို့ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ နယူးဒေလီမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အထူးအစည်းအဝေးမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ 

ဗြိတိန်ဟာ ဒရုန်းတွေကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်သမားတွေကို ရပ်တန့်ဖို့ ပိုမိုလုပ်ဆောင်နေကြောင်းလည်း ကလီဗာလီက ပြောပါတယ်။ 

ဗြိတိန်ဟာ အွန်လိုင်းပေါ်ရှိ အစွန်းရောက်အကြောင်းအရာတွေကို ပိုပြီးပြင်းပြင်းထန်ထန် နှိမ်နင်းရေးအတွက် အင်တာနက်ကုမ္ပဏီကြီးတွေကို ဖိအားပေးဖို့ G7 နဲ့ Global Internet Forum တို့နဲ့အတူ လက်တွဲဆောင်ရွက်နေကြောင်း သူက ပြောပါတယ်။ 

ကလီဗာလီဟာ ကုလသမဂ္ဂအစည်းအဝေးကို တက်ရောက်ခဲ့တဲ့အပြင် အောက်တိုဘာ ၂၈ ရက် သောကြာနေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး သံတမန်ဆက်ဆံရေး ခိုင်မာစေရေးအတွက် အိန္ဒိယသမ္မတနဲ့တွေ့ဆုံဖို့ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနကနေ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up