လိဒ်ယူနိုက်တက်ကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ဟု လီဗာပူးနည်းပြကလော့ပ် ဝန်ခံ

လီဗာပူးအသင်းအနေနဲ့ တာထွက်ကောင်းမွန်ခဲ့ပေမယ့် လိဒ်ယူနိုက်တက်ကို တစ်ပွဲလုံး ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ကြောင်း နည်းပြယာဂန်ကလော့ပ်ကပြောပါတယ်။
လီဗာပူးအသင်းဟာ အိမ်ကွင်းမှာလက်ခံကစားခဲ့ရပေမယ့် လိဒ်ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြကလော့ပ်အတွက် ဖိအားများသွားခဲ့ရပါတယ်။
ပွဲအစ ၄ မိနစ်ကတည်းက လိဒ်ယူနိုက်တက်ဦးဆောင်ဂိုးသွင်းခဲ့ ပေမဲ့ ဆာလာက ပွဲချိန် ၁၄ မိနစ်မှာပဲ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
တစ်ပွဲလုံးမှာ လီဗာပူးက ဂိုးပေါက် ကန်သွင်းချက် ၂၂ ကြိမ်အထိရှိခဲ့ပေမယ့် ဦးဆောင်ဂိုး သွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ လိဒ်ယူနိုက်တက်ဂိုးသမား မက်စလီယာဟာလည်း လက်စွမ်းပြခဲ့ပါတယ်။
လီဗာပူးဟာ လိဒ်ယူနိုက်တက်ရဲ့တန်ပြန်တိုက်စစ်တွေကိုလည်း ကာကွယ်နိုင်ခြင်းမရှိခဲ့လို့ ပွဲချိန် ၈၉ မိနစ်မှာ ဂိုးပေးလိုက်ရပြီး ဆမ်မာဘဲလ်က အနိုင်ဂိုးသွင်းယူခဲ့တာပါ။
ကစားသမားတွေအားလုံးဟာ ပွဲပန်းမှုကြောင့် အခက်အခဲရှိခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ကြောင်း၊ ပေးလိုက်ရတဲ့ အနိုင်ဂိုးဟာဆိုရင် မပေးသင့်တဲ့အခြေအနေကနေ ပေးလိုက်ရတာဖြစ်ကြောင်း နည်းပြကလော့ပ်က ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာရောက်သွားတဲ့ လီဗာပူးအသင်းဟာ ၁၂ ပွဲကစားအပြီးမှာ ရမှတ် ၁၆ မှတ်ပဲရရှိထားပြီး ၂၀၁၄-၂၀၁၅ နောက်ပိုင်း အမှတ်အနည်းဆုံးရာသီ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။