ဘဂ္ဂဒက်တွင် ပေါက်ကွဲမှုကြောင့် ၁၀ ဦး သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

အီရတ်နိုင်ငံရဲ့ မြို့တော်ဘဂ္ဂဒက်အရှေ့ပိုင်းမှာ အောက်တိုဘာ ၂၉ ရက်က ပေါက်ကွဲမှုတခုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘောလုံးကွင်းနဲ့ ကော်ဖီဆိုင်နားက ကားဂိုဒေါင်တခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယာဉ်တစီးပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခု ပေါက်ကွဲခဲ့တာပါ။
အနားက ဓာတ်ငွေ့တင်သင်္ဘောပါ နောက်ထပ် ပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေ က ပြောပါတယ်။
သေဆုံးသူ အများစုဟာ သူတို့နားက အားကစားကွင်းမှာ အပျော်တမ်း ဘောလုံးကစားသူတွေပါ။
ဘဂ္ဂဒက်မြို့ အရှေ့ခြမ်းက ဂိုဒေါင်တခုမှာ ဓာတ်ငွေ့တင် သင်္ဘောတစီး ပေါက်ကွဲခဲ့လို့ အသေအပျောက် အများအပြားရှိခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။