ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်း ပစ်ခတ်ခံရ

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်းဟာ နိုဝင်ဘာ ၃ ရက်က သေနတ်နဲ့ပစ်ခံရလို့ ညို့သကျည်းမှာ ဒဏ်ရာရရှိသွားပြီး တိုက်ခိုက်ခဲ့တဲ့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
ဒဏ်ရာရရှိသွားတဲ့ ခန်းကို လာဟိုးရ်မြို့က ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ၀န်ကြီးချုပ်ဟောင်း ခန်းရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြယာဉ်တန်းဟာ နိုင်ငံအရှေ့ပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ ရှင်းရှင်းလင်းလင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုပဲလို့ သူ့ရဲ့လက်ထောက်တွေက ပြောပါတယ်။
မြို့တော်ကနေ မိုင် ၁၂၀ လောက်အကွာမှာရှိတဲ့ ဝါဇီရာဘတ်မှာ တိုက်ခိုက်မှုအတွင်း ခန်းရဲ့ယာဉ်တန်းထဲက လူ အတော်များများလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
တိုက်ခိုက်သူကလည်း ခန်းကို ပစ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့ပြီး နောက်ကွယ်က အကြောင်းရင်းကိုလည်း ပြောပြခဲ့ကြောင်း၊ ခုလောလောဆယ် သူဟာ ဂူဂျာရတ်ရဲစခန်းမှာ ရှိနေပြီး သူ့ထွက်ဆိုချက်တွေကို မှတ်တမ်းတင်နေကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
လူတွေစုဝေးနေတဲ့နေရာမှာ သေနတ်ကိုင်ထားတဲ့ အမျိုးသားကိုတယောက်ကို လူတယောက်က အနောက်ကနေ ဖမ်းဆွဲသွားခဲ့ပြီး နောက်တော့ အဲ့ဒီလူဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာကို မြင်ရတဲ့ ရုပ်သံ ပျံ့နှံ့နေပါတယ်။
တီဗီချန်နယ်တွေမှာတော့ အသက် ၂၀ ကနေ ၃၀ အတွင်း သံသယရှိ သေနတ်သမားကို ပြသခဲ့ပါတယ်။