close

ပုလဲမြို့မရဲစခန်းကို ဒေသခံ PDF ဝင်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံကနေသိရပါတယ်။

ပုလဲစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၃ ရက် ည ၁၀ နာရီကျော်က  တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးခဲ့တယ်လို့ ‌ဒေသခံ PDF ကပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဆားလင်းကြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်း အဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က “တိုက်ပွဲကတော့ ပြင်းထန်တယ်။ ပထမစခန်းကို ဝင်ပစ်တယ်။ အလှစ်ဝင်ပစ်ဝာာဆိုတော့ သူတို့ဘက်က ပြန်ပစ်ချိန် မရဘူး။ အဲအချိန်ပစ်တာ ၅ ဦး သေဆုံး‌တယ်။ ဆုတ်တက်စနစ်နဲ့ ပစ်တာဆိုတော့ ကိုယ်ဘက်ကပစ်ပြီး နောက်ဆုတ်တယ်။ နောက် လက်နက်ကြီးနဲ့ အဝေးပစ် လုပ်ခဲ့တယ်။ ကိုယ်ဘက်ကတော့ အကျဆုံးအထိခိုက် မရှိခဲ့ဘူး”လို့ ပြောပါတယ်။

ဆာလင်းကြီးတွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ဟာ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယင်းမာပင်ခရိုင်၊ တပ်ရင်း-၂၈အဖြစ် တရားဝင် အသိမှတ်ပြုခံထားရတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up