close

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၆၄ ခုတွေ့

တရုတ်အာဏာပိုင်တွေဟာ နိုဝင်ဘာ ၇ ရက်က ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၆၄ ခုကို တွေ့ရှိခဲ့ပြီး နေထိုင်သူအများအပြားကို ကူးစက်ခံ ဟုတ်မဟုတ် ထပ်စမ်းသပ်ခဲ့ပါတယ်။

တချို့နေရာတွေမှာ အဆောက်အအုံတွေ၊ ရပ်ကွက်တွေနဲ့ ခရိုင်တွေကို ပိတ်ဆို့ထားခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်ဟာ သူ့ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး မူဝါဒကို ဖြေလျှော့ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ၂ နှစ်ကျော်အတွင်း တရုတ်စတော့ရှယ်ယာတွေရဲ့ အပတ်စဉ် အမြတ်ငွေဟာ အကြီးမားဆုံး တက်လာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရဟာ တင်းကျပ်တဲ့ ကိုဗစ်-၁၉ မူဝါဒအပေါ် သူ့ကတိကဝတ်ကို ထပ်အတည်ပြုပြီး နိုဝင်ဘာ ၅ ရက်မှာ ထင်ကြေးကို ဖျက်သိမ်းခဲ့ပါတယ်။

တရုတ်နိုင်ငံတဝန်းမှာ ကူးစက်မှုအသစ်တွေ နိုဝင်ဘာ ၇ ရက်မှာ ၇,၄၇၅ ဦးအထိ မြင့်တက်လာခဲ့တာပါ။ ဒါဟာ မေလ ၁ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး နိုဝင်ဘာ ၆ ရက်ကတော့ တရက်အတွင်း အသစ်ကူးစက်ခံဦးရေ ၅,၄၉၆ ဦး ရှိခဲ့တယ်လို့ တရုတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up