close

ရာသီဥတုပြောင်းလဲမှု အရေးပေါ်ဆောင်ရွက်ရန် ကုလအတွင်းရေးမှူးချုပ် သတိပေး

အရေးယူဆောင်ရွက်တာတွေ အရေးပေါ် မလုပ်ခဲ့ရင် ကမ္ဘာကြီးဟာ ရာသီဥတုငရဲဆီကိုသွားရာ အမြန်လမ်းပေါ် ရောက်နေလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၇ရက်မှာ သတိပေးလိုက်ပါတယ်။

စက်မှုခေတ်မတိုင်ခင်ကထက် ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုပြီး ပူနွေးမလာတာ သေချာစေဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အတူစုပေါင်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အပူချိန် ၁ ဒသမ ၅ ဒီဂရီပန်းတိုင်ကို ၂၀၁၅ ခုနှစ်က ပါရီသဘောတူညီချက်ကနေ ချမှတ်ခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ညီလာခံအတွက် ၂၇ ကြိမ်မြောက် အစည်းအဝေး (COP 27) မှာ မိန့်ခွန်းပြောရင်း ဂူတာရက်စ်က “ရာသီဥတု အကျပ်အတည်းဟာ ကျနော်တို့ခေတ်ရဲ့ အရေးကိစ္စတွေကို အဓိပ္ပာယ် ဖွင့်ဆိုနေတယ်” လို့လည်း ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုရဲ့ အဆိုးဆုံး သက်ရောက်မှုတွေကို အကျပ်အတည်းဖန်တီးမှု အနည်းဆုံးသူတွေဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခံစားနေရပြီး သူတို့မှာ ကိုင်တွယ်ဖြေရှင်းဖို့ အနည်းဆုံး အရင်းအမြစ်တွေပဲ ရှိနေတယ်လို့လည်း ဂူတာရက်စ်က ပြောပါတယ်။

အခွင့်အရေး ပြတင်းပေါက်က ဖွင့်ထားဆဲဖြစ်ပေမဲ့ အလင်းတန်းကတော့ ကျဉ်းကျဉ်းပဲ ကျန်တော့တဲ့အတွက် တကမ္ဘာလုံးက အရေးယူ ဆောင်ရွက်ကြဖို့ သူ့ဆော်ဩချက်ကို ကုလအကြီးအကဲက ထပ်လောင်းတိုက်တွန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up