close

G20 ထိပ်သီးအစည်းအဝေး လုံခြုံရေးအတွက် အင်ဒိုနီးရှားစစ်တပ် လေ့ကျင့်

အင်ဒိုနီးရှားစစ်တပ်ဟာ G20 ထိပ်သီးအစည်းအဝေး မကျင်းပမီ တပတ်အလို နိုဝင်ဘာ ၈ ရက်က နူဆာဒွါနားမှာ နှစ်ရက်ကြာ လုံခြုံရေးလေ့ကျင့်ခဲ့ပါတယ်။

ရုရှားအစိုးရက သူ့အိမ်နီးနားချင်း ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး အခြေအနေ တင်းမာနေလို့ ကမ္ဘာ့ခေါင်းဆောင် အင်အားကြီးနိုင်ငံ ၂၀ က ခေါင်းဆောင်တွေ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၆ ရက်အထိ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို မတက်ဘဲ လွဲချော်ကောင်း လွဲချော်နိုင်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အဓိကစီးပွားရေးအစုအဖွဲ့က နိုဝင်ဘာ ၇ ရက်မှာ မီဒီယာတွေကို ပြောပါတယ်။

အင်ဒိုနီးရှားကလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို ဖိတ်ကြားထားပါတယ်။

ဇလန်းစကီးကတော့ တကယ်လို့ ဒီပွဲကို ပူတင် ပါဝင်တက်ရောက်မယ်ဆိုရင် သူမတက်ဘူးလို့ ပြောထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အများအပြားလည်း ဒီညီလာခံကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up