close

စစ်ရှောင်စခန်း ၃ ခုကို MRRC-Mizoram အဖွဲ့က ရူပီ ၁ သိန်းကျော်ဖိုး စားနပ်ရိက္ခာလှူဒါန်း

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်မ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုကို နိုဝင်ဘာ ၇ ရက်က  အိန္ဒိယရူပီ ၁၃၀,၀၀၀ ဖိုး စားသောက်ကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့  မြန်မာဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ MRRC-Mizoram အဖွဲ့က ‌ ပြောပါတယ်။

အိုင်သီအိုင်စခန်း၊ ဇောသဲစခန်းနဲ့ ဇောလ်စီယ်စတဲ့ဒုက္ခသည်စခန်းက မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်အတွက် ဆန်၊ ဆီ စတဲ့စားသောက်ကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်‌ရေး ဆန္ဒပြသပိတ်တွေကို ဖြိုခွင်းခဲ့ပြီးနောက်  ပေါ်ပေါက်လာတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာဒေသတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ရှိပြီး စစ်ရှောင်အများစုက ချင်းပြည်နယ်ကဖြစ်သလို  စစ်ကိုင်းတိုင်းအထက်ပိုင်းကလည်း ပါဝင်နေပါတယ်။

ဓာတ်ပုံ-MMRC-M

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up